
Vivamax: Sukdulan (2026) မြန်မာစာတန်းထိုး
VMX ကအသစ်ထွက် အိမ်ထောင်ရေးနှင့် မိသားစုပဋိပက္ခ ဒရာမာဇာတ်ကားဖြစ်ပါသည်။ လင်မယားနှစ်ဦးဖြစ်သော အယ်လိန်း (Elaine) နှင့် အော်လီ (Orly) တို့၏ အိမ်ထောင်ရေးတွင်၊ အော်လီသည် အလုပ်လက်မဲ့ဖြစ်နေပြီး အရက်စွဲကာ ဇနီးသည်အပေါ် ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိပါသည်။ အယ်လိန်းသည် ယောက္ခမဖြစ်သူ မျက်မမြင်အမျိုးသမီးကြီးကိုပါ ပြုစုစောင့်ရှောက်နေရပြီး မိသားစုစရိတ်အတွက် အလုပ်ကြိုးစားနေရသူဖြစ်ပါသည်။ တစ်နေ့တွင် အယ်လိန်းသည် အလုပ်ခွင်မှ လုပ်ဖော်ကိုင်ဖက်အသစ်ဖြစ်သူ ဓာတ်ပုံဆရာ မီဂွယ် (Miguel) နှင့် ရင်းနှီးသွားပြီးနောက်၊ ခင်ပွန်းဖြစ်သူထံမှ မရရှိသော နွေးထွေးကြင်နာမှုများကို မီဂွယ်ထံမှ ရရှိလာသောအခါ တိတ်တဆိတ် ဖောက်ပြန်မိသွားပါသည်။ သို့သော် အဆုံးသတ်တွင် ခင်ပွန်းဖြစ်သူနှင့် ယောက္ခမတို့က ရိပ်မိသွားသောအခါ မမျှော်လင့်ထားသော ဝမ်းနည်းဖွယ် အလှည့်အပြောင်းများနှင့် ရင်ဆိုင်ရပုံကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ကားပဲဖြစ်ပါတယ် …